Compassion-Buddhist Song

>> Tuesday, October 6, 2009

Read more...

Little Buddha

Read more...

မှတ်သားစရာ အဆိုအမိန့်များ (၂)

အကျင့်စရိုက်၏ လက္ခဏာကို
လေသံလောက်
ဘယ်အရာကမှ ဖော်ထုတ်၍
မပြနိုင်ချေ။

ရတနာသုံးပါးကို
ကြည်ညိုဆည်းကပ်နေသောအိမ်သည်
အိမ်များတွင်
အမြတ်ဆုံးဖြစ်ပေသည်။
အစီအစဉ်တကျ
နေရာချထားသော အိမ်သည်
အိမ်များတွင်
အလှဆုံးဖြစ်သည်။
ဧည့်ဝတ်ကျေပွန်သောအိမ်သည်
အိမ်များတွင်
ဂုဏ်သိက္ခာအရှိဆုံး အိမ်ဖြစ်ပေသည်။
ရောင့်ရဲတင်းတိမ်မှုရှိသောအိမ်သည်
အိမ်များတွင်
ကောင်းချီးသြဘာမင်္ဂလာ အရှိဆုံးဖြစ်ပေသည်။

စိတ်ပျော့သော သူများသည်
ကံကောင်းမှုအောက်တွင်
ပြားပြားမှောက်သွားကြ၏။

စိတ်ခိုင်သူများကမူ
ကံမကောင်းမှုများ၏ထိပ်မှာ
မားမားမတ်မတ်ရပ်နိုင်ကြ၏။

ပညာရှိတဦးသည်
“ကျွန်ုပ်မစဉ်းစားမိပါ”ဟု
ဘယ်သောအခါမှ မပြောပေ။

အတွေ့အကြုံများအရဆိုလျှင်
အရည်အချင်းထက်
စိတ်အားထက်သန်လွန်းမှုကြောင့်
အောင်မြင်မှုကိုရရှိခြင်း ဖြစ်ပေသည်။

အနိုင်ရသူသည်
အလုပ်၌ကိုယ်စိတ်နှစ်ပါးစလုံးကို
လုံးဝမြှုပ်နှံထားသူသာ ဖြစ်ပေသည်။

အကောင်းဆုံးပြီးလျှင်
ယင်းကောင်းဆုံးကို
ချီးကျူးရန်သာဖြစ်သည်။
သင်မျက်နှာကိုလှည်ထားလိုက်ပါ။
ရိပ်များကို
သငမြင်နိုင်မည်မဟုတ်ပေ။

ကျော်ဇောခြင်းဟူသည်
တောက်ပြောင်လွန်းသော ရွှေသရဖူကို
ဆောင်းထားသည့်
မွှေးရနဲ့ကင်းသော နေကြာပန်းဖြစ်သည်။
သို့သော်…
မိတ်ဆွေဖြစ်မှု ဆိုသည်ကိုတော့
မွှေးရနံ့ကိုရှူရှိုက်နေသော
နှင်းဆီပန်းပွင်ဖြစ်၏။
နှင်းဆီပွင့်ချပ်တိုင်းမှာ
မွှေးကြိုင်နေ၏။

သွားရမည်လမ်းကြောင်းကို
ရွေးပြီးကြပြီ
ယုံကြည်မှုကို သစ်လွင်အောင်ပြန်လုပ်ပြီး
မကြောက်မရွံ့ဘဲ
ယောက်ျားပီသသောနှလုံးသားများဖြင့်
ရှေ့သို့သွားကြပါစို့။

ရိုးသားမှုတွင် တပါးသူကို
ထိခိုက်နစ်နာစေလိုမှုမပါချေ။
အပြစ်ကင်ကင်းကင်းတွေးပါ။
မျှမျှတတစဉ်းစားပါ။
စကားပြောမည်ဆိုလျှင်လည်း
လိုက်လျောညီထွေပြောဆိုပါ။

Read more...

သြကာသကန်တော့နည်းနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်

သြကာသ- သြကာသ-သြကာသ --ကာယကံ၊ ဝစီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို၊ ပျောက်ပါစေခြင်း အကျိုးငှာ၊ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်၊ ဘုရားတရနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို၊ အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

(ဆုတောင်းခြင်း) ။ ။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

မှတ်ချက်-၁။ ။ မိဘ/ဆရာတို့ကို ကန်တော့သည့်အခါ အထက်ပါ ကန်တော့မျိုးတွင် “ရတနာမြတ်သုံးပါးတို့ကို”နေရာ၌ “ရတနာမြတ်သုံးနှင့်တကွ မိဘတို့ကို” သို့မဟုတ် “ရတနာမြတ်သုံးပါးနှင့်တကွ ဆရာသမားတို့ကို” ဟူ၍ ထည့်ဆိုပါ။

မှတ်ချက် ၂။ ။ ဖော်ပြခဲ့သော သြကာသဆိုရိုးသည် ပုဂံခေတ်မှစ၍ ယနေ့တိုင် အသုံးပြုနေသော ဆိုရိုးဖြစ်သည်။ နိုင်ငံတော်သံဃာ့နာယကအဖွဲ့က တစ်ပြည့်လုံးအတွက် တစ်မူတည်းဖြစ်အောင် ချမှတ်ထားသော ဆိုရိုးဖြစ်သည်။ “တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း” မဖြစ်စေဘဲ စည်းလုံးညီညွတ်မှုကို ရှေ့ရှု၍ ဤမူကိုသာ အသုံးပြုကြပါ။

အဓိပ္ပါယ်ရှင်းလင်းချက်များ

သြကာသ= =ခွင့်ပြုတော်မူပါ၊
ရှိခိုးကန်တော့ခွင့်ပြုရန် ခွင့်တောင်းခြင်း ဖြစ်သည်။ ရိုသေမှုကိုအလေးအနက်ပြုလို
သောကြောင့် သုံးကြိမ် ရွတ်ဆိုသည်။

ကာယကံ= =ကိုဖြင့် ပြုလုပ်ရသောအမှု။

ဝစီကံ
= =နှုတ်ဖြင့် ပြောဆိုရသောအမှု။

မနောကံ= =စိတ်ဖြင့် ကြံစည်သောအမှု။

သဗ္ဗဒေါသ= =ခပ်သိမ်းသောအပြစ်။

ခပ်သိမ်းသောအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးလိုငှာ= =ရတနာသုံးပါးနှင့်တကွ မိဘဆရာသမားတို့ကို ကိုယ်အမူအရာဖြင့်ပြစ်မှားခြင်း၊ နှုတ်အပြောအဆိုဖြင့် ပြစ်မှားခြင်း၊ စိတ်ကူးအကြံအစည်ဖြင့် ပြစ်မှားခြင်းတို့တွင် တစ်စုံတခုသော ပြစ်မှားခြင်းရှိခဲ့သော် ထိုအပြစ်တို့ ပ,ပျောက်လျှော့ပါးသွားရန် တောင်းပန်ကန်တော့သည်။

အရိုအသေ= =ရိုသေစွာ၊ မလေးမခန့်မပြုဘဲ ကျိုးနွံစွာ။

အလေးအမြတ်
==လေးစားမြတ်နိုးစွာ။

လက်အုပ်မိုး၍
= =လက်ဝါးနှစ်ဖက်ကို ပန်းကြာငုံကဲ့သို့ စုံညီပြု၍ နဖူးအထိ ချီမြှောက်ထားလျက်။

ရှိခိုး= =အရိုအသေပြုသည်၊
ရှိခိုးခြင်းသုံးမျိုးရှိသည်- (၁) လက်အုပ်ချီ၍ ထိခြင်းငါးပါးဖြင့်ရှိခိုးခြင်းကို ကိုယ်ဖြင့် ရှိခိုးသည်မည်၏ (ကာယပဏာမ ဟုခေါ်၏) ။ (၂) ရတနာသုံးတို့၏ ဂုဏ်တော်များကို နှုတ်ဖြင့်ရွတ်ဆို၍ ရှိခိုးခြင်းကို နှုဖြင့်ရှိခိုးသည်မည်၏ (ဝစီပဏာမ ဟုခေါ်၏)။ (၃) ရတနာသုံးပါး၏ ဂုဏ်တော်များကို စိတ်ဖြင့် အဖန်ဖန်အောက်မေ့ဆင်ခြင်ခြင်းကို စိတ်ဖြင့် ရှိခိုးသည်မည်၏ (မနောပဏာမ ဟုခေါ်၏)။

ပူဇော်= =တစ်စုံတခုပေး၍ အလေးအမြတ်ပြုသည်။ ပစ္စည်းဖြင့် ပူဇော်ခြင်း၊ တရားဖြင့် ပူဇောခြင်းဟူ၍ ပူဇော်ခြင်း နှစ်မျိုးရှိသည်။ ကျင်ဝတ်ဖြင့် ပူဇော်ခြင်းသည် တရားဖြင့် ပူဇော်ခြင်းဖြစ်၏။

ဖူးမြော်= =ပကတိမျက်စိဖြင့် မြင်တွေ့ခြင်း၊ ဥာဏ်မျက်စိဤ ထင်ရှားပေါ်လွင်လာအောင် အာရုံပြုခြင်းဟူ၍ နှစ်မျိုးရှိသည်။

မာန်လျှော့= =မာန်မာနကို လျှော့ချခြင်း။ မိမိသည် ရတနာသုံးပါးအောက် နိမ့်ကျသည်ဟု ယူဆပါမှ ရှိခိုးကန်တော့နိုင်သည်။

ကန်တော့= =ဝန်ချတောင်းပန်သည်။ အပြစ်ရှိ၍ ကန်တော့ခြင်း၊ ကုသိုလ်ရလို၍ ကန်တော့ခြင်းဟူ၍ နှစ်မျိုးရှိသည်။

ကန်တော့ရသောအကျိုးအားကြောင့်
= =“ကန်တော့ရသော ကုသိုလ်ကံစေတနာကြောင့်” နှင့် အဓိပ္ပါယ်တူပါသည်။ ရှေးမူမပျက်ဆက်လက်သုံးပါ။

အပါယ်လေးပါး= =ချမ်းသာကင်း၍ ကုသိုလ်ပြုခွင့် မရသော အရပ်လေးမျိုး-
(၁) ငရဲ= =ငရဲထိန်း၊ ငရဲမီးတို့ဖြင့် အမြဲညှဉ်းပန်း နှိပ်စက်ခံနေရသောဘုံ။
(၂) တိရစ္ဆာန်= =မဂ်ဖိုလ်မရနိုင်ဘဲ ဖီလာကန့်လန့်သွားတတ်သော သတ္တဝါတို့၏ ဘုံ။
(၃) ပြိတ္တာ= =စားရမဲ့၊ ဝတ်ရမဲ့၊ ခိုကိုးရာမဲ့ ဖြစ်နေသူတို့၏ ဘုံ။
(၄)အသူရကယ်= =ပြိတ္တာများထက်ပို၍ ဆင်းရဲငတ်ပြတ်နေသော ဘုံ။
*လောဘကြီးသူ သေလျှင် ရှေးရှုပြိတ္တာဘဝ၊
*ဒေါသကြီးသူ သေလျှင် ရှေးရှုငရဲဘဝ၊
*မောဟကြီးသူ သေလျှင် ရှေးရှုတိရိစ္ဆာန်ဘဝ။

ကပ်သုံးပါး= =ဘေးအန္တရာယ်ကျရောက်နေသော အချိန်ကာလ သုံးမျိုး-
(၁) ဒုဗ္ဘိက္ခန္တရကပ်= =ငတ်မွတ်ခြင်းဘေးဆိုက်ရောက်နေသော ကာလ။
(၂) သတ္ထန္တရကပ်= =လက်နက်ဘေး၊ စစ်ဘေးဆိုက်ရောက်နေသော ကာလ။
(၃) ရောဂန္တရကပ်= =ကူးစက်ရောဂါ ဘေးအန္တရာယ်ဆိုက်ရောက်နေသော ကာလ။
*လောဘကြီးက ငတ်မွတ်ရ ဒုက္ခကပ်ကြီးဆိုက်။
*ဒေါသကြီးက သတ်ဖြတ်ကြ သတ္တကပ်ကြီးဆိုက်။
*မောဟကြီးက ဖျားနာကြ ရောဂကပ်ကြီးဆိုက်။

ရပ်ပြစ်ရှစ်ပါး= =အပြစ်ရှိသောအရပ် ရှစ်မျိုး-
(၁) ငရဲဘုံ
(၂) ပြိတ္တာဘုံ
(၃)တိရိစ္ဆန်ဘုံ
(၄) အရူပ ဗြဟ္မာဘုံ (ရုပ်မရှိ)၊ အသညသတ်ဘုံ (နာမ်မရှိ)။
(၅) ပစ္စန္တရစ်= =တိုင်းစွန်ပြည်ဖျား လမ်းပန်းခက်ခဲသောအရပ်၊ လူရိုင်းဒေသ။
(၆) မိစ္ဆာဒိဋ္ဌိ= =မှားယွင်းသော အယူဝါဒရှိသူ။
(၇) ဒုပ္ဗည= =ညာဏ်မွဲ၍ လူစဉ်မမီသူ။
(၈) သာသနာပကာလ= =ဘုရားမပွင့်သောအခါ။
ဤအရပ်တို့၌ ဖြစ်လာသူများသည် မြတ်စွာဘုရားဘုရား၏ တရားတော်ကို နာကြားခွင့်မရ၊ နာကြားရလျှင်လည်း အဓိပ္ပါယ်မသိကြချေ။

ရန်သူမျိုးငါးပါး= =ရေ၊ မီး၊ မင်း၊ သူခိုး၊ အမွေခံဆိုး။ ရေလွှမ်းမိုးသော ဘေးရန်၊ မီးလောင်းခြင်း ဘေးရန်၊ ရာဇဝတ်ပြစ်ဒဏ်ခံရခြင်း ဘေးရန်၊ ခိုးဝှက် လုယက်ခြင်းခံရသော ဘေးရန်၊ မိဘပစ္စည်းကိုဖြုန်းတီး၍ မိဘကို နှိပ်စက်တတ်သော သားဆိုးသမီးဆိုး ဘေးရန်တို့ကို ဆိုလိုသည်။

ဗျသနတရား ငါးပါး= =ပျက်စီးခြင်းတရာ ငါး ပါး-
(၁) ဥာတိဗျသန = ဆွေမျိုးပျက်စီးခြင်း။
(၂) ဘောဂဗျသန = စည်းစိမ်ဥစ္စာပျက်စီးခြင်း။
(၃) ရောဂဗျသန = ရောဂါနှိပ်စက်၍ ပျက်စီးခြင်း။
(၄) သီလဗျသန = အကျင့်သီလပျက်စီးခြင်း။
(၅) ဒဋ္ဌိဗျသန = အယူလွဲမှား၍ ပျက်စီးခြင်း။
သီလဗျာသနနှင့်ဒိဋ္ဌိဗျသနတို့သည် ဤဘဝ၌သာမက နောင်ဘဝများစွာတို့၌လည်း ဆင်းရဲခြင်းကိုဖြစ်စေသည်။ အပါယ်သို့ ကျရောက်စေသည်။

မဂ်တရား
= =လောဘစသောကိလေသာကို ပယ်သတ်၍ နိဗ္ဗာန်သို့သွားရောက်ကြောင်း ဖြစ်သော တရားလမ်း။
သောတာပတ္တိမဂ်၊ သကဒါဂ်မိမက်၊ အနာဂါမိမက်၊ အရဟတ္တမဂ်ဟူ၍ မဂ်လေးပါရှိသည်။

ဖိုလ်တရား= =မဂ်၏အကျိုးတရား။ နိဗ္ဗာန်ချမ်းသာကိုခံစားစေနိုင်သောဥာဏ်။ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်ဟူ၍ လေးပါးရှိသည်။

နိဗ္ဗာန်= =လောဘ၊ ဒေါသ၊ မောဟတို့ကုန်ရာဖြစ်၍ ထာဝရငြိမ်းအေးချမ်းသာ နေရခြင်းသဘော။

Read more...

ရခိုင်မဟာမြတ်မုနိပုံတော်

>> Thursday, October 1, 2009

Read more...

မှတ်သားစရာ အဆိုအမိန့်များ (၁)

အသိပညာကြွယ်ဝသူသည်
သူတွေ့္ဂရှိသည့်အခွင့်အရေးထက်ပိုသော
အခွင့်အရေးများကို
ဖန်းတီပေလိမ့်မည်။

ကျွန်ုပ်၏ မျက်မှောက်ဘဝ
ကျွန်ုပ်မျှော်မှန်းထားသော
ဘဝများအတွက်
မိခင်နတ်သမီး၏
အနန္တကျေးဇူးတရားသည်
ကျွန်ုပ်အပေါ်၌တင်ရှိနေပေသည်။

ဖြစ်နိုင်သည်ဟု
ယုံကြည်မှုများသည်
အောင်မြင်မှုသရဖူကို
ဆောင်းနိုင်ကြ၏။

ဘဝသင်္ခန်းစာကို
မသင်ယူခဲ့ရသူသည်
တစ်နေ့လျှင်
အကြောက်တရားတခုကို
လွန်မြောက်နိုင်ရန်
မစွမ်းဆောင်နိုင်ချေ။

လူတစ်ဦး၏ပြီးပြည့်စုံသောအဖြစ်ကို
သူပြောစကားဖြင့်
တိုင်းတာ၍မဖြစ်နိုင်၊
သူ့အလုပ်ဖြင့်သာ
တိုင်းတာနိုင်သည်။

နှလုံးသားမှာ
တကယ်စစ်မှန်သော
လူကြီးလူကောင်းစိတ်
ကင်းမဲ့နေလျှင်
အပြင်ပန်း ကိုယ်အမူအရာ
နှုတ်အမူအရာသည်
ဘယ်သောအခါမှ စစ်မှန်သော
လူကြီးလူကောင်း တယောက်၏
အမူအရာမျိုး မဖြစ်နိုင်ချေ။

ချွေတာခြင်းကိုလက်ကိုင်ပြုလျှင်
ကြီးပွားချမ်းသာနိုင်၏။
ချွေတာခြင်းက
လူရိုင်းနှင့် လူယည်ကို
ခွဲခြားနိုင်ရန် စည်းဆွဲပေးသည်။
ချွေတာခြင်းသည်
ကြီးပွားချမ်းသာစေရုံသာမက
လူ့အကျင့်စာရိတ္တကိုလည်း
ဖွဲ့ဖြိုးတိုးတက်စေပေသည်။

လူတွေကိုသတ်ဖြတ်နေတာက
အလုပ်မဟုတ်ပါ။
စိုးရိမ်ပူပန်စိတ်သာဖြစ်သည်။

သမိုင်းဟူသည်
ထိုးထွင်းကြံစည်တတ်သူများ၏
အောင်မြင်မှု အကြောင်းများသာ
ဖြစ်ချေသည်။

Read more...

သွားလမ်းစဉ် ပြင်ထားပါ

ငါတို့နေရာ၊ ဤကမ္ဘာ၊ တဏှာ အုပ်စိုးသည်။

တဏှာစေရာ၊ မနေသာ၊ ဖွေရှာ ဆက်ရသည်။

ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွါ သွားရမည်။

တကယ်အရေး၊ တကယ့်ဘေး၊ ဘယ်သွေး
ဘယ်သား မကယ်ပြီ။

ငါနှင့် ရွယ်တူ၊ ငါ့ အောက်လူ၊
ကြီးသူ သေကြ များလှပြီ။

ခဏမစဲ၊ အိုစမြဲ၊ ကိုယ်လဲ သေဖက်နီးခဲ့ပြီ။

ဇရာမီးလောင်၊ ကိုယ်ထဲလောက်၊ သေအောင်
မြိုက်တော့သည်။

မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင် ပြင်သင့်ပြီ။

ဒါန, သီလ, ဘာဝနာ၊ လမ်းသာ တွင်လိမ့်မည်။

မဂ္ဂင်ယာဉ်ကြီး၊ အမြန်စီး။ခရီး ထွက်တော့မည်။
........................................................
မှတ်ချက်။ ။ မဟာဂန္ဓရုံ ဆရာတော် အရှင်ဇနကာဘိဝံသ၏ မှတ်သားစရာကဗျာဖြစ်လို့တင်ပေးလိုက်ပါသည်။

Read more...

အပ္ပမာဒလင်္ကာ

ရုပ်နာမ်ဓမ္မ၊ သင်္ခါရတို့
ကိုယ်ကဤပုံ၊ ဖြစ်လိုတုံလည်း
တစ်ဖုံဆင်ကွဲ၊သူတစ်နည်းဖြင့်
ဖောက်လွှဲတတ်စွာ၊ ဓမ္မတာကို
ပညာစက္ခု၊ မျှော်ထောက်ရှု၍--

ယခုပင်လျှင်၊ မအိုခင်က
ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။

ယခုပင်လျှင်၊ မနာခင်က
ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။

ယခုပင်လျှင်၊မသေခင်က
ကြိုတင်ကောင်းမှု၊ကြိုါ်စားပြုလော့။

ရတုချိန်ထောက်၊ ဤခါရောက်မှ
ချုပ်ပျက်ခန္ဓာ၊ သေပိမ့်ငှာဟု
သတ္တ၀ါ ခပင်း၊ ရှင်သေမင်းနှင့်
မိတ်သင်းဖွဲ့လျက်၊ ချိန်းအချက်လျှင်
တစ်စက္ကန့်မှ၊ မရှိကြဘူး။

အပ္ပမာဒေန ဘိက္ခဝေ သမ္မာဒေထ၊
ဘုရားစကား၊ လိုက်နာပွားကာ
တရား လက်မလွှတ်ကြစေနှင့်။

Read more...

ရတနာမြသုံးပါးဟူသည်

>> Wednesday, September 30, 2009

ရတနာသည် စိတ်ကိုရွှင်လန်းဝမ်းမြောက်စေတတ်၏။ ရှားပါး၍ အဖိုးထိုက်တန်၏။ နှစ်သက်မြတ်နိုးဖွယ်လည်း ဖြစ်၏။

စန်ရွှေငွေပတ္တမြားပုလဲ စသည်တို့သည် လောကီရတနာများဖြစ်ကြ၏။ သားသမီး,မြေးမြစ်, ဆင်မြင်းစသည်တို့သည်လည်း လောကီရတနာများဟု ခေါ်၏။

ဘုရား၊တရား၊သံဃာ(ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ)တို့ကို လောကီရတနာများဟု ခေါ်၏။

ဤလောက၌ ဘုရား၊ တရား၊ သံဃာတို့သည် အရှားပါးဆုံး၊ အဖိုးအထိုက်တန်ဆုံး၊ နှစ်သက်မြတ်နိုးဖွယ်အကောင်းဆုံး ရတနာများဖြစ်ကြ၏။ ထို့ကြောင့် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာတို့ကို ရတနာမြတ်သုံးပါးဟု ခေါ်၏။

ဗုဒ္ဓရတနာသည် တရားအလုံးစုံကို အလိုလိုသိမြင်နိုင်သော သဗ္ဗညုတဥာဏ်ပိုင်ရှင် မြတ်ဘုရားဖြစ်သည်။

မြတ်ဘုရားပွင့်သောအခါနှင့် ကြုံကြိုက်ရန် အလွန်ခဲယဉ်း၏။ ထို့ကြောင့် ဗုဒ္ဓတရနာသည် အလွန်ရှားပါးသောရတနာဖြစ်၏။

လူ့ပြည်၊ နတ်ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်တို့၌ရှိသော စိန်,ကြောင်,နီလာ,သန္တာ,ဂေါ်မုတ်, ဥဿဖယား, ပတ္တမြား, မြ, ပုလဲ, ရတနာကိုးပါး(နဝရတ်)တို့ထက် ဗုဒ္ဓရတနာသည် အမြတ်ဆုံးရတနာဖြစ်၏။ မြတ်စွာဘုရားသည် လူနတ်ဗြဟ္မာတို့ ချမ်းသာကောင်းစားရန် အများဆုံးအကျိုးဆောင်ပေးသော ပုဂ္ဂိုလ်ဖြစ်၏။ မြတ်စွာဘုရားကို ဖူးတွေ့ရသူများသည် ရွှင်လန်းဝမ်းမြောက်ကြရ၏။ အဖိုးမဖြတ်နိုင်သော ကုသိုလ်ကောင်းမှုကို ရရှိကြ၏။

ထို့ကြောင့် ဗုဒ္ဓရတနာသည် အမြတ်ဆုံး ရတနာတပါးဖြစ်သည်။

ဓမ္မရတနာသည် မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်၊ ပရိယတ္တိဟု ဆိုအပ်သော တရား ၁၀-မျိုးဖြစ်သည်။ ဤရတနာတို့သည် လောက၌ အမြင့်မြတ်ဆုံး တရားများဖြစ်ကြ၏။

ဓမ္မရတနာကို မြတ်စွာဘုရားသာသနာအတွင်း၌သာ မြင်တွေ့နိုင်သည်။ ထို့ကြောင့် ဓမ္မရတနာသည် အလွန်ရှားပါးသော ရတနာတစ်ပါးဖြစ်၏။

လူ့ပြည်၊ နတ်ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်တို့၌ ရှိကြသောရတနာအားလုံးထက် ဓမ္မရတနာက ပို၍ အဖိုးတန်၏။

တရားတော်ကို နာကြားရသူသည် နှစ်သက်ဝမ်းမြောက်ရ၏။ ကျင့်ကြံပွားများလျှင် ပို၍ နှစ်သက် ဝမ်းမြောက်ရ၏။ နိဗ္ဗာန်ချမ်းသာမှာ အကောင်းဆုံးချမ်းသာဖြစ်၍ နိဗ္ဗာန်သည် နှစ်သက်ဖွယ် အကောင်းဆုံးတရားဖြစ်၏။

ထို့ကြောင့် ဓမ္မရတနာသည် အမြတ်ဆုံးရတနာတစ်ပါးဖြစ်၏။

သံဃာရတနာသည် အရိယာသံဃာနှင့် သမ္မုတိသံဃာဟူ၍ ၂-မျိုးရှိ၏။ အရိယာပုဂ္ဂိုလ် ၈-မျိုးကို ပရမတ္ထသံဃာဟုလည်းခေါ်၏။ သိမ်၌ ကမ္မဝါဖတ်၍ ရဟန်းဖြစ်သော ပုဂ္ဂိုလ်တို့ကို သမ္မုတိသံဃာဟုခေါ်၏။

သံဃာတော်သည် မြတ်စွာဘုရားသာသနာအတွင်း၌ပေါ်ပေါက်နိုင်၏။ ထို့ကြောင့် သံဃာရတနာသည် အလွန်ရှားပါးသောရတနာတစ်ပါးဖြစ်၏။

လူ့ပြည်၊ နတ်ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်တို့၌ ရှိကြသောရတနာအားလုံးထက် သံဃာရတနာက ပို၍ အဖိုးတန်၏။

သံဃာတော်ကို ရိုသေလေးမြတ်စွာ ဆည်းကပ်ကိုးကွယ်သူတို့သည် အဖိုးမဖြတ်နိုင်သော ကောင်းကျိုးချမ်းသာကို ရရှိကြ၏။

ထို့ကြောင့် သံဃာရတနာသည် အမြတ်ဆုံးရတနာတစ်ပါးဖြစ်၏။

ကျက်မှတ်စရာ ရတနာသုံးပါး ဦးထိပ်ထား ကဗျာ

၁။ ဗုဒ္ဓရတနာ အတုမဲ့ပါ မှန်စွာအမြတ်ဆုံး။
၂။ ဓမ္မရတနာ အတုမဲ့ပါ မှန်စွာအမြတ်ဆုံး။
၃။ သံဃာရတနာ အတုမဲ့ပါ မှန်စွာအမြတ်ဆုံး။
၎။ မြတ်နိုးယုယ ပန်ဆင်ကြ ဗုဒ္ဓမြတ်ရတနာ။
၅။ မြတ်နိုးယုယ ပန်ဆင်ကြ ဓမ္မမြတ်ရတနာ။
၆။ မြတ်နိုးယုယ ပန်ဆင်ကြ သံဃာမြတ်တရနာ။
၇။ ကောင်းဂုဏ်ပြည့်ဝ မြင့်မြတ်ရ သုခတိုးပွားမှာ။
၈။ ရတနာသုံးပါး လေးနက်ထား ဝတ်တွားရိုသေပါ။

Read more...

တရားတော်များ အနှစ်ချုပ်

>> Tuesday, September 29, 2009

မြတ်စွာဘုရား၏ တရားတော်များအရ ဤ ခန္ဓာကိုယ် ကြီးသည် ပထ၀ီ၊ အာပေါ၊ ၀ါယော၊ တေဇော ဟူသော မြေ၊ ရေ၊ လေ၊ အပူအအေး ဓာတ်လေးပါး အစုအဝေးသာ ဖြစ်ပါသည်။ ဓါတ်လေးပါး အစုအဝေးသည် “ရုပ်” ဖြစ်၍ ခံစားတတ်ခြင်းသည် “နာမ်” ဖြစ်ပါသည်။ ရုပ်၊ နာမ် နှစ်ပါးမှလွဲ၍ သူ၊ ငါမရှိပါ။ ရုပ်နာမ် နှစ်ပါးသည် အစဉ်သဖြင့် ဖြစ်လိုက်၊ ပျက်လိုက် ဖေါက်ပြန် ပြောင်းလဲ နေပါသည်။ ဤ ဖြစ်ပျက် ဖောက်ပြန်မှု သဘာဝကို အမှန်တရား “ငါ” စွဲ-မ-စွဲပဲ သိမြင်ခြင်းသည် ပညာသိ ဖြစ်ပါသည်။ ငါနာသည်၊ ငါကျင်သည်၊ ငါလှုပ်သည်ဟု “ငါ” စွဲနေခြင်းကို သညာသိဟု ခေါ်ပါသည်။ ယင်းကဲ့သို့ “ငါ” စွဲ စွဲနေခြင်းကို ပညာသိနှင့် ဖြုတ်ချရန် အတွက် တရားထိုင်နေခြင်း ဖြစ်သဖြင့် ဓာတ်ကြီးလေးပါး၏ လက္ခဏာ သဘာဝများကို သိရှိ၊ သဘောပေါက်ထားရန် လိုအပ်ပါသည်။

ပထ၀ီတည်းဟူသော မြေဓာတ် လက္ခဏာသည် ခက်မာခြင်းနှင့် နူးညံ့ခြင်းများ ဖြစ်ပါသည်။ တရားထိုင် သောအခါ ဖြစ်ပေါ်လာသော နာကျင်ကိုက်ခဲခြင်း တို့သည် ပထ၀ီဓာတ် ဖောက်ပြန်ခြင်း ဖြစ်သည်။ ယင်းဓာတ်၏ ဖောက်ပြန် ခြင်းသည် အခြားဓာတ် သုံးပါးထက် ပို၍ ပြင်းထန်ပါသည်။

အာပေါဓာတ် တည်းဟူသော ရေဓာတ် လက္ခဏာသည် ဖွဲ့စည်းမှုနှင့် ယိုစီးမှု လက္ခဏာများ ဖြစ်သည်။ ရေနှင့် ရေခဲသဘောမျိုး ဖြစ်သည်။ ပါးစပ်အတွင်းမှ သွားရေများ စီးထွက်ခြင်း၊ ချွဲကြပ်ခြင်း၊ နှာရည်ယိုခြင်း၊ မျက်ရည်ထွက်ခြင်း ချွေးထွက်ခြင်း တို့သည် အာပေါဓာတ် ဖေါက်ပြန်သော လက္ခဏာများ ဖြစ်သည်။

ဝါယော တည်းဟူသော လေဓာတ်၏ လက္ခဏာမှာ ထောက်ကန်ခြင်းနှင့် လှုပ်ရှားခြင်း အမူအရာ လက္ခဏာ ဖြစ်သည်။ တရားထိုင်နေစဉ် ခန္ဓာကိုယ်သည် ရှေ့နောက် သော်လည်းကောင်း၊ ဆန်ကောဝိုင်း ကဲ့သို့လည်းကောင်း၊ လှုပ်ရှားနေခြင်း၊ ခြေလက်အင်္ဂါများ ပရမ်းပတာလှုပ်ခြင်း၊ ခန္ဓာကိုယ်အတွင်း၌ လေမုန်တိုင်း တိုက်ခတ်သ ကဲ့သို့ ခံစားရခြင်း အစရှိသည့် လက္ခဏာများသည် ၀ါယောဓာတ် ဖေါက်ပြန်သော သဘော လက္ခဏာ ဖြစ်သည်။

တေဇော တည်းဟူသော အပူ အအေးဓာတ် လက္ခဏာသည် တရားထိုင်နေစဉ် အအေးခန်း ၀င်သကဲ့သို့ ခန္ဓာကိုယ် အေးလာခြင်း၊ နေပူထဲ လမ်းလျှောက် ရသကဲ့သို့ ခန္ဓာကိုယ် ပူလာခြင်း၊ မီးစနှင့် ထိုးသကဲ့သို့ တစ်နေရာတွင် ကွတ်၍ အပြင်းပူခြင်း၊ တစ်ကိုယ်လုံး မီးလောင်သကဲ့သို့ ပူလာခြင်း၊ ရေခဲတုံးကြီးပေါ် တက်ထိုင် နေရသကဲ့သို့ အေးတက်လာခြင်း အစရှိသည့် သဘော လက္ခဏာ များသည် တေဇောဓာတ် ဖေါက်ပြန်မှုများ ဖြစ်ပါသည်။

သို့သော် ၄င်းဖောက်ပြန်မှု များသည် ဘုရားဟော ဒေသနာများ အရ သင်္ခါရ သဘော၊ အနိစ္စ သဘောအရ၊ မမြဲဘဲ အမြင့်ဆုံးအထိ ဖေါက်ပြန် ပြီးလျှင် ချုပ်ပျက် ရမည်သာ ဖြစ်ပါသည်။ ရုပ်ဖေါက်ပြန်မှု ချုပ်ပျက်သကဲ့သို့ ခံစားရသော နာမ်သည် လည်း ရုပ်နှင့်အတူ တထပ်တည်း ချုပ်ပျက် ရပေမည်။ (မြတ်စွာဘုရား၏ နောက်ဆုံး မှာတမ်းကို ပြန်လည် ဖတ်ရှုပါက သဘောပေါက် ပေလိမ့်မည်။) ယင်းကဲ့သို့ ရုပ်နှင့် နာမ် တထပ်တည်း ချုပ်ပျက်သွားသော အဆင့်အထိ ဖေါက်ပြန်မှု ဝေဒနာ၏ စ/ လယ် / ဆုံးကို ရှုမှတ် သိရှိဘူးမှ သာလျှင် တရားယောဂီ အစစ်အမှန် ဖြစ်ပေလိမ့်မည်။ ယင်းကဲ့သို့ ရှုမှတ်ဖူးပါက အသေတတ် သွားပြီးဖြစ်ပြီး အပါယ် မလားတော့ပါဟု ဆရာတော် ဘုရားကြီးက တဖွဖွ အမိန့်ရှိပါသည်။

လူတိုင်း လူတိုင်းသည် တစ်နေ့ သောအခါ ဓါတ်လေးပါး အနက် တစ်ပါးပါးက ဦးဆောင် ဖောက်ပြန် သောကြောင့် ခန္ဓာကြွေပျက်ပြီး သေဆုံးရမည်မှာ အမှန်ပင် ဖြစ်သည်။ ရန်ကုန်မြို့ရှိ တစ်မြို့တည်း တွင်ပင် တစ်နေ့လျှင် ပျှင်းမျှလူ (၃၀)ကျော် သေနေပါသည်။ ရေဝေးသုဿန်၊ ထိန်ပင် သုဿန် အစရှိသော မီးသဂြိုလ်သော နေရာသို့ သွားရှုပါက ပိုသဘောပေါက် ပေလိမ့်မည်။

တရားစ ထိုင်သောအခါ ပထမဦးဆုံး ဦးဆောင်၍ ဖောက်ပြန်လာသော ဓာတ်သည်၊ မိမိကို သေရွာသို့ ပို့မည့်ဓာတ် ဖြစ်ပါသည်ဟု ဆရာတော် ဘုရားကြီးက အတိအလင်း ထင်ထင်ရှားရှား တဖွဖွ အမိန့်ရှိပါသည်။ ဆိုလိုသည်မှာ မိမိသေသောအခါ ထိုဓါတ်က ဖောက်ပြန်ပြီး သေဆုံးရမည် ဖြစ်သည်။ ထို့ကြောင့် တရားယောဂီတို့သည် ပထမ တရားထိုင်စဉ် မိမိဦးဆုံး တွေ့ကြုံရသော ဓာတ်သဘောကို နောကြေနေစေရန် အရေးကြီး ပါသည်။ ဖေါက်ပြန်မူ ဝေဒနာ၏ ဖြစ်စ၊ ဖြစ်လယ်၊ ဖြစ်ဆုံးကို ရူမှတ် သိရှိထားလျှင် အပါယ်ဘေးမှ မုချ ကင်းဝေး နိုင်ပါသည်ဟု ဆရာတော် ဘုရားကြီးက ရဲရဲ အာမခံ အမိန့်ရှိခဲ့ ပါသည်။

သေခါနီးဆဲဆဲ ဓာတ်ကြီးလေးပါး ဖေါက်ပြန် သောအခါ ခံစားမူ ဝေဒနာဟု ပညာသိဖြင့် မသိဘဲ၊ ငါနာတယ်၊ ငါကိုက်တယ်၊ ငါအောင့်တယ်၊ ငါပူတယ်ဟု အယူမှား အမှတ်မှား သညာသိဖြင့် သေခဲ့လျှင် မုချ အပါယ်လေးပါး ကျပေလိမ့်မည်။ သေခါနီး ဆဲဆဲတွင် သုခဝေဒနာ၊ ဥပေက္ခာ ဝေဒနာများ လာမည်မဟုတ်ဘဲ အသက်ခန္ဓာကို ချွေဖျက်မည့် ဓာတ်လေးပါး ဖေါက်ပြန်မူ ဒုက္ခဝေဒနာသာ၊ လာပေလိမ့်မည် ဆိုသည်ကိုအမြဲ သတိပြုပါလေ။

ထို့ကြောင့်ပင် မြတ်စွာဘုရားက သုဂတိ ဘုံသားများ ကမ္ဘာမြေမူန့် အရေအတွက်လောက် သေလျှင် လက်သည်းခွံ ပေါ်မှာရှိသော မြေမူန့် အရေအတွက် လောက်သာ သုဂတိဘုံကို ပြန်ပြီး ရောက်ရပေမည်ဟု “နခသိခသုတ်”တွင် အထင်အရှား ဟောကြားတော် မူခဲ့ပါသည်။ အဘယ်ကြောင့် ဆိုသော် များစွာသော လူတို့သည် ဓာတ်လေးပါး ဖောက်ပြန်မှု ဝေဒနာ ဒုက္ခကို အမှန် ပညာသိဖြင့် မသိဘဲ အမယ်လေး၊ အဘလေး၊ ကယ်ပါ၊ ယူပါဟု အော်ဟစ်ကာ ဒေါသစိတ် - သညာသိ နှင့် သေကြသဖြင့် အပါယ်လေးပါးသို့ လားရပေသည်။ မြင်တယ်၊ ကြားတယ်၊ နံတယ်၊ တောင့်တယ်၊ ကျင်တယ်၊ ကိုက်တယ်၊ နာတယ်၊ ပူတယ်၊ အေးတယ်၊ အစရှိသည် များသည် မရှိသော တရားများ ဖြစ်သည်။ မရှိကို အရှိထင်ကာ အယူမှား၊ အမှတ်မှားနှင့် သံသရာ လဆန်းတစ်ရက်နေ့ ကတည်းက အမည် သညာများနှင့် ခေါ်ဝေါ်နေခြင်း ဖြစ်သည်။ ထိုအရာ အားလုံးသည် ဝေဒနာနာမ်၏ ခံစားသော သဘော တစ်ခုတည်းဟု အမှတ်ပြုပြီး ပညာသိဖြင့် သိနေရမည်ဟု ဆရာတော် ဘုရားကြီးက ထပ်ခါတလဲလဲ မိန့်ကြား ဆုံးမတော် မူခဲ့ပါသည်။

သဲအင်း ယောဂီမှန်လျှင် တရားအားထုတ်စဉ် ပေါ်လာသော ဓါတ်ကြီးလေးပါး ဖောက်ပြန်မူ ဒုက္ခဝေဒနာမှ လွတ်မြောက်ရာသို့ တရားဟော ဒေသနာတော်နှင့် အညီ ဟုတ်တိုင်း မှန်စွာ ပညာသိနှင့် သိနေစေရန် မသေမီကပင် အလေ့အကျင့် လုပ်ပြီး သူများ ဖြစ်ရပါမည်။ ထို့ကြောင့် သဲအင်းယောဂီတွေ ဘာအကျင့်ကို ကျင့်ကြံ အားထုတ်သလဲဟု မေးလာလျှင် အသေတတ်ဖို့သာ ကျင့်နေကြတယ်ဟု ပြန်ဖြေ ပေတော့ဟု ဆရာတော် ဘုရားကြီးက မိန့်တော် မူခဲ့ပါသည်။

(တရားတော်များ အကျယ် နာလိုလျှင် ဆရာတော်ကြီး၏ မြောက်ဥက္ကလာပ တရား၊ တောင်တွင်းကြီး တရား အစရှိသော တရားခွေများကို နာပါ)


http://theinngu.org/content/view/15/31/

Read more...

About This Blog

Lorem Ipsum

  © Free Blogger Templates Skyblue by Ourblogtemplates.com 2008

Back to TOP