မှတ်သားစရာ အဆိုအမိန့်များ (၁)
>> Thursday, October 1, 2009
အသိပညာကြွယ်ဝသူသည်
သူတွေ့္ဂရှိသည့်အခွင့်အရေးထက်ပိုသော
အခွင့်အရေးများကို
ဖန်းတီပေလိမ့်မည်။
ကျွန်ုပ်၏ မျက်မှောက်ဘဝ
ကျွန်ုပ်မျှော်မှန်းထားသော
ဘဝများအတွက်
မိခင်နတ်သမီး၏
အနန္တကျေးဇူးတရားသည်
ကျွန်ုပ်အပေါ်၌တင်ရှိနေပေသည်။
ဖြစ်နိုင်သည်ဟု
ယုံကြည်မှုများသည်
အောင်မြင်မှုသရဖူကို
ဆောင်းနိုင်ကြ၏။
ဘဝသင်္ခန်းစာကို
မသင်ယူခဲ့ရသူသည်
တစ်နေ့လျှင်
အကြောက်တရားတခုကို
လွန်မြောက်နိုင်ရန်
မစွမ်းဆောင်နိုင်ချေ။
လူတစ်ဦး၏ပြီးပြည့်စုံသောအဖြစ်ကို
သူပြောစကားဖြင့်
တိုင်းတာ၍မဖြစ်နိုင်၊
သူ့အလုပ်ဖြင့်သာ
တိုင်းတာနိုင်သည်။
နှလုံးသားမှာ
တကယ်စစ်မှန်သော
လူကြီးလူကောင်းစိတ်
ကင်းမဲ့နေလျှင်
အပြင်ပန်း ကိုယ်အမူအရာ
နှုတ်အမူအရာသည်
ဘယ်သောအခါမှ စစ်မှန်သော
လူကြီးလူကောင်း တယောက်၏
အမူအရာမျိုး မဖြစ်နိုင်ချေ။
ချွေတာခြင်းကိုလက်ကိုင်ပြုလျှင်
ကြီးပွားချမ်းသာနိုင်၏။
ချွေတာခြင်းက
လူရိုင်းနှင့် လူယည်ကို
ခွဲခြားနိုင်ရန် စည်းဆွဲပေးသည်။
ချွေတာခြင်းသည်
ကြီးပွားချမ်းသာစေရုံသာမက
လူ့အကျင့်စာရိတ္တကိုလည်း
ဖွဲ့ဖြိုးတိုးတက်စေပေသည်။
လူတွေကိုသတ်ဖြတ်နေတာက
အလုပ်မဟုတ်ပါ။
စိုးရိမ်ပူပန်စိတ်သာဖြစ်သည်။
သမိုင်းဟူသည်
ထိုးထွင်းကြံစည်တတ်သူများ၏
အောင်မြင်မှု အကြောင်းများသာ
ဖြစ်ချေသည်။
0 comments:
Post a Comment