သွားလမ်းစဉ် ပြင်ထားပါ
>> Thursday, October 1, 2009
ငါတို့နေရာ၊ ဤကမ္ဘာ၊ တဏှာ အုပ်စိုးသည်။
တဏှာစေရာ၊ မနေသာ၊ ဖွေရှာ ဆက်ရသည်။
ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွါ သွားရမည်။
တကယ်အရေး၊ တကယ့်ဘေး၊ ဘယ်သွေး
ဘယ်သား မကယ်ပြီ။
ငါနှင့် ရွယ်တူ၊ ငါ့ အောက်လူ၊
ကြီးသူ သေကြ များလှပြီ။
ခဏမစဲ၊ အိုစမြဲ၊ ကိုယ်လဲ သေဖက်နီးခဲ့ပြီ။
ဇရာမီးလောင်၊ ကိုယ်ထဲလောက်၊ သေအောင်
မြိုက်တော့သည်။
မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင် ပြင်သင့်ပြီ။
ဒါန, သီလ, ဘာဝနာ၊ လမ်းသာ တွင်လိမ့်မည်။
မဂ္ဂင်ယာဉ်ကြီး၊ အမြန်စီး။ခရီး ထွက်တော့မည်။
........................................................
မှတ်ချက်။ ။ မဟာဂန္ဓရုံ ဆရာတော် အရှင်ဇနကာဘိဝံသ၏ မှတ်သားစရာကဗျာဖြစ်လို့တင်ပေးလိုက်ပါသည်။
0 comments:
Post a Comment